Microsoft က laptop လောကကို ယှဉ်ပြိုင်ဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင် Products ဖြစ်တဲ့ Surface Book ကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အခြား Microsoft ရဲ့ Window OS ကို အသုံးပြုထားတဲ့ Laptop အမှတ်တံဆိပ်များကလည်း Surface Book ကို လိုက်မှီအောင် ထုတ်လုပ်လာကြပါတယ်။ ၄င်း Surface Book ကို အမှီပြုရင်း ထုတ်လုပ်လာခဲ့တဲ့ Laptop တွေထဲမှာDell Laptop လည်း အပါဝင်ဖြစ်ပါတယ်။ အခုဆိုရင်တော့ Dell ဟာ မျက်နှာပြင်အကျယ် ၁၅ လက်မ ရှိပြီး ဘေးဘောင်တွေထိScreen မျက်နှာပြင်ကိုတိုးချဲ့ကာထုတ်လုပ်လာခဲ့ပါတယ်။
အခုထုတ်လုပ်ထားတဲ့ XPS 15 ဟာ 4K Resolution ရှိတဲ့ Touchscreen မျက်နှာပြင်နှင့် Processor ကတော့ Core i7 Skylake Processor အမျိုးအစားကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Graphic ကိုတော့ Nividia GeForce GTX 960M ကို အသုံးပြုထားပါတယ်။ Laptop တစ်လုံးကို RAM များများ Flash Storage ကောင်းကောင်း နဲ့ အသုံးပြုချင်တဲ့ လူတွေအတွက်တော့ အရမ်းအသုံးဝင်စေမဲ့ DDR5 , 16GB RAM နဲ့ SSD Flash Storage တို့ကို အသုံးပြုထားပါတယ်။ Laptop အသုံးပြုသူတို့အနေနဲ့ Dell XPS 15 Laptop ကို မိမိတို့ စိတ်ကြိုက် စီမံနိုင်ပါတယ်။ ဒါ့အပြင် Memory , Graphic နဲ့ Storage တို့ကိုမိမိတို့စိတ်ကြိုက်အတိုးအလျှော့ပြုလုပ်နိုင်ပါသေးတယ်။
Dell XPS 15 အမျိုးအစားနဲ့ အရင်ကထုတ်လုပ်ထားတဲ့ Dell XPS 12 နဲ့ XPS13 တို့ရဲ့ ကွာခြားချက်ကတော့ အသုံးပြုထားတဲ့4K Display မျက်နှာပြင် ဟာ အရင်ကနဲ့ မတူပဲ မျက်နှာပြင် အပြည့် ထုတ်လုပ်လာခဲ့တာဖြစ်ပြီး အရင် Products များမှာ အသုံးပြုခဲ့ခြင်းမရှိခဲ့တဲ့ Skylake CPUs , Storage နဲ့ RAM တို့ကို ပြောင်းလဲ အသုံးပြုလာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီရဲ့ ခံနိုင်ရည်အားကလည်း ၁၈ နာရီကြာ ထိန်းထားနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်အတွက်သော်လည်းကောင်း ၊ Graphic Size အရမ်းကြီးတဲ့ Game တွေဆော့ကစားချင်ရင်သော်လည်းကောင်း Dell XPS 15 နဲ့ အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref :TNW
Aung Ko Htet (MMA)
No comments:
Post a Comment