iCon
zawgyi သို့ မဟုတ် unicode
Saturday, October 10, 2015
ဆောက်သမ်တန်တိုက်စစ်မှူး Mane ကို မန်ယူအသင်းစိတ်ဝင်စားနေ
မန်ယူအသင်းနည်းပြ Van Gaal ဟာ လက်ရှိတိုက်စစ်အင်အားကို အားမရသေးဘဲ ထပ်မံအားဖြည့်မှုတွေကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြုလုပ်ဖို့ရှိနေပါတယ်။ Mane ရဲ့ခြေစွမ်းကို မန်ယူကင်းထောက်တွေက Van Gaal ကို ခေါ်ယူဖို့ အကြံပေးခဲ့ကြတာပါ။ Mane ဟာချယ်လ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး လူအများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။
ဒီဆီနီဂေါလက်ရွေးစင်ဟာ အသင်းအတွက် ယခုရာသီမှာ အထူးခြေစွမ်းပြကစားနေခဲ့ပြီး အသင်းအတွက် လေးဂိုးသွင်းယူထားပါတယ်။ သူဟာ မိမိဂိုးရဖို့ထက် ဂိုးတွေသွင်းနိုင်ဖို့ တခြားသူတွေကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်သူပါ။
သူဟာဂိုးဖန်တီးမှု လေးကြိမ်အထိပြုလုပ်ထားနိုင်ပြီး ဖန်တီးမှုအများဆုံးစာရင်းမှာ ပါဝင်လျက်ရှိနေပါတယ်။ လျင်မြန်သွက်လက်တဲ့ ထိုးဖောက်ကစားဟန်က ပြိုင်ဘက်နောက်တန်းတွေကို အခက်တွေ့စေလေ့ရှိပြီး
ထိန်းချုပ်ဖို့ခက်ခဲတဲ့ ကစားသမားတွေထဲမှာ ပါဝင်ပါတယ်။
ဒါကြောင့် Van Gaal က အသင်းရဲ့တိုက်စစ်ကို ကောင်းကောင်းမွန်မွန် ဦးဆောင်နိုင်စွမ်းရှိမယ်လို့ ထင်မြင်နေတာဖြစ်ပြီး လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ အခြားအသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူလိုနေတာပါ။ Mane ရဲ့ခြေစွမ်းကို အာဆင်နယ်အသင်းကလည်း စောင့်ကြည့်နေပြီး သူတို့အသင်းရဲ့ တိုက်စစ်လိုအပ်ချက်အတွက် စောင့်ကြည့်နေပါတယ်။
ဒါကြောင့် ဒီအသက် ၂၃ နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင်အတွက် ဘယ်လိုအပြောင်းအလဲတွေများ မြင်ရအုံးမလဲဆိုတာကိုတော့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါ။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment