iCon
zawgyi သို့ မဟုတ် unicode
Wednesday, October 14, 2015
အင်္ကျီအရောင်းရဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်းမှ သုံးဦးအထိပါဝင်ပြီး ထိပ်ဆုံးမှ Messi ဦးဆောင်
ကစ်ဘတ်သတင်းက ကစားသမားတွေရဲ့ ကျောနံပါတ်ပါဝင်တဲ့ အင်္ကျီတွေကို ရောင်းချရတဲ့ ထိပ်ဆုံးဆယ်ယောက်စာရင်းကို ထုတ်ပြန်ပေးလိုက်တာပါ။ သူတို့ဟာ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းရောင်းချရတဲ့ စာရင်းကိုသာ ထုတ်ပြန်ပေးခဲ့တာပါ။
နံပါတ်တစ်နေရာအတွက်တော့ ကစားသမားတွေရဲ့ ကွာဟမှုက မတိမ်းမယိ
ဒီစာရင်းမှာ မန်ယူက ကစားသမားသုံးယောက်အထိပါဝင်လာတာကတော့ အံ့သြစရာမဟုတ်ပါဘူး။ ဒီနှစ်နွေမှာ ခေါ်ယူခဲ့တဲ့ Bastian Schweinsteiger , Memphis Depay တို့က ဒီစာရင်းရဲ့ အဆင့်သုံးနဲ့လေးနေရာတွေမှာ အသီးသီးရပ်တည်နေလို့ပဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား အများစုကလည်း ထိပ်ဆုံးဆယ်ယောက်နေရာမှာ ပါဝင်လျက်ရှိနေပါတယ်။ ထိပ်ဆုံးနံပါတ်တစ် နေရာအတွက်တော့ C.Ronaldo နဲ့ Messi တို့ကတော့ ပြိုင်ဆိုင်မှုက နှစ်တိုင်းလိုလိုကို ပြင်းထန်နေဆဲပါပဲ။
နံပါတ်တစ်နေရာမှာတော့ Messi က ရပ်တည်နေပြီး နှစ်နေရာမှာတော့ Ronaldo နဲ့ သုံးနေရာမှာတော့ မန်ယူတောင်ပံကစားသမား Depay တို့က ဦးဆောင်နေပါတယ်။
လေးနေရာမှာတော့ မန်ယူက Schweinsteiger နဲ့ ငါးနေရာမှာတော့ ချယ်လ်ဆီးတောင်ပံကစားသမား Hazard ခြောက်နေရာမှာတော့ မန်ယူတိုက်စစ်မှူး Rooney နဲ့ သူ့နောက်မှာတော့ ဘာကာက Neymar , မန်စီးတီးက Aguero နဲ့ အာဆင်နယ်က Sanchez , လီဗာပူးလ်က Coutinho တို့က အစဉ်လိုက်ရပ်တည်လျက်ရှိနေပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment