iCon
zawgyi သို့ မဟုတ် unicode
Wednesday, October 14, 2015
ရွှေဖိနပ်ဆုကို လေးကြိမ်မြောက် စံချိန်တင်ရယူနိုင်ခဲ့တဲ့ Ronaldo က ရီးရဲလ်အသင်းမှာပဲ ကစားသမားဘဝကို နေဝင်မယ်လို့ပြော
Ronaldo ဟာရီးရဲလ်အသင်းကနေ ထွက်ခွာဖို့အစီအစဉ်မရှိသေးဘဲ ရီးရဲလ်အသင်းမှာပဲ နောက်ထပ်ခြောက်နှစ်လောက်ကစားဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် CR7ဟာ အသက်သုံးဆယ့်ခြောက်နှစ်အရောက်မှာအနားယူမယ့်သဘောမျိုး ပြောလိုက်တာလည်း
ဖြစ်ပါတယ်။
ဒီအသက်သုံးဆယ်အရွယ် ကစားသမားဟာ ရီးရဲလ်အသင်းအတွက် ဂိုးသွင်းအများဆုံးစံချိန်ကို မကြာသေးခင်ကမှ ကစားခဲ့တဲ့ မဲလ်မိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရရှိခဲ့တာပါ။ Raul ဟာအဲ့ဒီစံချိန်ကို ပွဲ ၄၀၀ လောက် ကစားပြီးမှ ရရှိခဲ့ပေမယ့် Ronaldo ကတော့ ၃၀၈ ပွဲသာ ကစားပြီး တင်ရှိနိုင်ခဲ့တာပါ။
ဒါကြောင့် Ronaldo ဟာ ကစားသမားဘဝကို ရီးရဲလ်အသင်းမှာပဲ အဆုံးသတ်တော့မယ်လို့ဆိုတာကြောင့် အသင်းဟောင်းမန်ယူကို ပြန်ဖို့နဲ့ PSG အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလဟာလတွေဟာ နိဂုံးချုပ်သွားခဲ့ပါပြီ။ သူ့ကို အသင်းမှာ ၂၀၁၈ အထိ ရှိနေစေမယ့် စာချုပ်က သူ့ကို ရီးရဲလ်မှာ ကစားသမားဘဝ အဆုံးသတ်စေဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့တာပါ။
" ကျွန်တော့်ရဲ့အိပ်မက်ကတော့ ရီးရဲလ်မှာ ကစားသမားဘဝကို အဆုံးသတ်စေချင်တာပါ။ ကိုယ့်ကိုကိုယ် တော်တော်ဂရုစိုက်ရင်တော့ အသက်လေးဆယ်အထိနိုင်လိမ့်မယ်လေ။ ကျွန်တော်ကတော့ နောက်ထပ်ငါးနှစ် ခြောက်နှစ်လောက်အထိ ရှေ့ဆက်ချင်သေးတယ်။ အဲ့ဒီကာလတွေကိုလည်း ပျမ်းမျှဂိုးသွင်းနှုန်းတွေနဲ့ အတူတူဖြတ်သန်းချင်တာပါ " လို့ စပိန်သတင်းစာ Maca နဲ့ အင်တာဗျူးမှာဖြေလိုက်တာပါ။
အခြား ဘယ်ကစားသမားမှ ရွှေခြေထောက်ဆုကို လေးကြိမ်မရဖူးသေးဘဲ Ronaldo က လေးကြိမ်ရခဲ့တာပါ။ ဒါ့အပြင် ရီးရဲလ်နည်းပြဟောင်း Ancelloti ကလည်း Ronaldo ဟာ ရီးရဲလ်အသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တယ်လို့ ပြောကြားလိုက်ပါသေးတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment