iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, October 19, 2015

လျို့ဝှက်အစီအစဉ်ထဲက ဘရာဇီးညှို့အားပြင်းမော်ဒယ်နဲ့ Ronaldo





မကြာသေးခင်ရက်ပိုင်းအတွင်းက Ronaldo ဟာ လျို့ဝှက်အစီအစဉ်တစ်ခုအတွက် ဘရာဇီးညှို့အားပြင်းမော်ဒယ် Alessandra Ambrosio နဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တယ်လို့ သိရပါတယ်။ရီးရဲလ်အသင်းရဲ့ အကျော်အမော်ဟာ အဲ့ဒီ  Victoria'a Secret မော်ဒယ်နဲ့   လျို့ဝှက်အစီအစဉ်အတွက် ဓာတ်ပုံအရိုက်ခံခဲ့ကြ့ပီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူတို့ရဲ့ selfie ပုံတွေကို ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့ကြတာပါ။ 


Ronaldo ဟာ ရုရှားမော်ဒယ်  Irina Shayk နဲ့ နှစ်ဆန်းပိုင်းက လမ်းခွဲပြတ်စဲခဲ့သူပါ။ အခုသူနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဘရာဇီးသူကတော့ ၂၀၀၈ ခုနှစ်တုန်းက လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက်အမေဖြစ်တာကြောင့် သူတို့ နှစ်ယောက်ကိုတော့ မီဒီယာတွေက ဘာထင်ကြေးမှ မပေးခဲ့ကြတာပါ။ ကလေးနှစ်ယောက်အမေ ဖြစ်ပေမယ့် အရွယ်တင်နုပျိုလွန်းနေတာကြောင့် အခုထက်ထိ နာမည်ကြီးနေတာပါ။ 



Ronaldo ဟာ မကြာသေးခင်နှစ်တွေအတွင်းမှာ သူ့ရဲ့ ဖက်ရှင် brand ဖြစ်တဲ့ CR7 ကို ဈေးကွက်တိုးချဲ့နေတာပါ။ သူဟာ အရင်တုန်းကတော့  Armani အဝတ်အစားတွေအတွက်လည်း မော်ဒယ်လုပ်ပေးခဲ့ပေမယ့် အခုအချိန်မှာတော့ မလုပ်ကိုင်တော့ပဲ သူ့ brand အတါက်သာ ဇောက်ချလုပ်ကိုင်နေတာပါ။ 



တွစ်တာမှာ တင်ခဲ့တဲ့ video clip မှာတော့ Ronaldo က " ကျွန်တော်တို့ ခုနလေးတင်ပဲ ဓာတ်ပုံရိုက်ပြီးခဲ့ကြပြီ။ Alessandra နဲ့ အတူ သရုပ်ဆောင်ရတာ ထူးခြားလွန်းခဲ့တယ်။ သူမကတော့ အရမ်းအံ့သြစရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ပဲ။ ဘာအတွက် ဓာတ်ပုံရိုက်ခံခဲ့လည်းဆိုတာ မပြောသေးပါဘူး။ လျို့ဝှက်ချက်မို့လို့ပါ။ ထွက်ပေါ်လာမှ ကြိုက်ဖို့သာပြင်ထားပေးနော် " လို့ ပြောခဲ့ပါတယ်။ 



Alessandra ကလည်း " Ronaldo နဲ့ ခမ်းနားတဲ့ အချိန်တွေကို ရခဲ့တယ်။ သူက အရမ်းကို နှစ်မြှို့ဖွယ်ကောင်းတဲ့ အမျိုးသားပဲ။ ဘာကိစ္စလည်းဆိုတာကိုတော့ ရှာဖွေကြည့်ကြပါ " လို့ပြောခဲ့ပါတယ်။  Ronaldo ဟာ ဘောလုံးကစားရာမှာ ထူးချွန်ရုံမကပဲ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြင်ပလောက,က  လူနေမှုပုံစံတွေကြောင့်လည်း အမြဲစောင့်ကြည့်ချင်စရာ ဖြစ်လို့နေပါတယ်။ 

No comments:

Post a Comment