iCon
zawgyi သို့ မဟုတ် unicode
Monday, October 19, 2015
မန်စီးတီးကို အနိုင်ကစားရန်လိုကြောင်း မန်ယူနည်းပြ Van Gaal ပြော
နယ်သာလန်လူမျိုးနည်းပြ Van Gaal ကတော့ နောက်အပတ်မှာ ကစားမယ့် မန်စီးတီးနဲ့ ဒါဘီပွဲကို မဖြစ်မနေအနိုင်ကစားဖို့လိုပြီး အနိုင်ကစားနိုင်ရင် ချန်ပီယံဆုကို မျှော်မှန်းနိုင်ပြီလို့ ပြောခဲ့တာပါ။ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းကို ရှုံနိမ့်ပြီးတဲ့နောက် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားပုံကောင်းတဲ့ အဲဗာတန်အသင်းကို အဝေးကွင်းမှာ ကြောက်စရာကစားပုံနဲ့ သုံးဂိုးပြတ်အနိုင်ကစားခဲ့တာပါ။
မန်ယူအသင်းဟာ ကြားရက်မှာ CSKA မော်စကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မန်စီးတီးအသင်းနဲ့ ဒါဘီပွဲစဉ် အဖြစ်ကစားရမှာပါ။ နည်းပြ Van Gaal ကတော့ ချန်ပီယံဆုအတွက်ဆိုရင် မန်စီးတီးကသာ သူ့အသင်းအတွက် အကောင်းဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ထင်မြင်နေတာပါ။
ဒါကြောင့် နည်းပြ Van Gaal က " ကျွန်တော်ကတော့ အဲဗာတန်အသင်းနဲ့ ပွဲမှာ အသင်းရဲ့ ကစားပုံကို တကယ်ကျေနပ်မိပါတယ်။
အဲ့လိုအနိုင်ရခဲ့တဲ့ ပွဲဟာ အသင်းကို အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်ဖို့အတွက် နိဒါန်းပဲလို့ ထင်မိတယ်။ လာမယ့်အပတ်မှာ မန်စီးတီးကိုသာ အနိုင်ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါပြီ။ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာ ကျွန်တော်တို့အသင်းရဲ့ ပစ်မှတ်ပါ။ ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ရောက်ရှိနိုင်မယ်ထင်ပါတယ် " လို့ Van Gaal ကပြောခဲ့တာပါ။
မန်ယူအသင်းဟာ ထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ နှစ်မှတ်ကွာနေပြီး အာဆင်နယ်အသင်းနဲ့တော့ ရမှတ်၁၉မှတ်ချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အဆင့်သုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment