iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, November 26, 2015

အိမ်တွင်းလုပ်နာရီကို ဗုံးထင်ပြီး အဖမ်းခံခဲ့ရတဲ့ Ahmed Mohamed မိသားစုက နစ်နာကြေး ပေါင် ၁၀ သန်းတောင်းဆို



ကျောင်းကို ယူဆောင်လာတဲ့ အိမ်တွင်းလုပ်နာရီကို ဗုံးထင်ပြီး အဖမ်းခံခဲ့ရတဲ့ မူဆလင်ဘာသာဝင် ဆယ်ကျော်သက်ကောင်လေးရဲ့ မိသားစုဟာ ယခုအခါ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၅ သန်း (ပေါင် ၉.၉ သန်း) ကို ကျောင်းနဲ့ မြို့ နယ်တာဝန်ရှိသူတွေဆီကနေ တောင်းဆိုလိုက်ပါတယ်။

Ahmed Mohamed ရဲ့ မိသားစုဟာ Texas ပြည်နယ်၊ Irving မြို့ အာဏာပိုင်တွေ နဲ့ ကျောင်းအာဏာပိုင်တွေ ထံကနေ စာနဲ့ ရေးသားတောင်းပန်မှုနဲ့  နစ်နာကြေးကိုပါ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မိသားစုဘက်ကလိုက်ပေးတဲ့ရှေ့ နေတွေဟာ Irving မြို့ တာဝန်ရှိသူတွေနဲ့ Irving Independent School District ကျောင်းတာဝန်ရှိသူတွေထံ ကိုးတန်းကျောင်းသားကလေးဟာ မှားယွင်းအဖမ်းခံခဲ့ရပြီး၊ တရားမ၀င်ထိန်းသိမ်းထားခံရမှုနဲ့ မိဘတွေမရှိဘဲ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရကြောင်း စာတွေ သီးသန့် ပို့ ထားတယ်လို့ ဆိုပါတယ်။

Mohammed တို့ မိသားစုဟာ Irving မြို့ အုပ်ချုပ်ရေးဆီကနေ နစ်နာကြေး ဒေါ်လာ ၁၀ သန်း တောင်းဆို ထားပြီး ကျောင်းကနေ နစ်နာကြေး ပေါင် ၅ သန်း တောင်းဆိုထားကာ၊ နစ်နာကြေးမရပါက ရက်ပေါင်း ၆၀ အတွင်း တရားမဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုသွားမှာဖြစ်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ကတော့ ကျောင်းရှေ့ နေတွေကနေတဆင့် ပြန်လည်တုံ့ ပြန်မှု လုပ်သွားမှာဖြစ်တယ်လို့ ဆိုပြီး မြို့ နယ်တာဝန်ရှိသူတွေကတော့ ယခုအချိန်မှာ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖြေကြားထားခြင်း မရှိသေးပါဘူး။

( Ye Wint )

No comments:

Post a Comment