iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, November 26, 2015

Facebook ရဲ့ Profile Picture နေရာက ပြင်သစ်အလံပုံစံ Filter ကို ဘယ်လိုပြန်ပြောင်းမလဲ



ပါရီအကြမ်းဖက်တိုက်ခိုက်မှု ပြီးကတည်က Facebook သုံးစွဲသူ အများစု ဟာ Profile Picture တွေကို ပြင်သစ်နိုင်ငံရဲ့ အလံနဲ့ ဓါတ်ပုံရောနှောပြီး ပြောင်းလဲထားကြတာကိုတွေ့ရပါတယ်။

လူမှုကွန်ရက် က အသုံးပြုသူတွေကို ပါရီအကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေနဲ့ ပြင်သစ်နိုင်ငံ ကို ကူညီကြစို့ ဆိုတဲ့စာသားနဲ့အတူ သုံးစွဲသူတွေရဲ့ Profile Picture တွေကို ပြောင်းလဲခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သုံးစွဲသူတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာက အဲဒီ ပြင်သစ်အလံ Filter ကို ဘယ်လို ပြန်ပြောင်းရမလဲဆိုတာပါပဲ။

အကယ်၍ သင်ဟာ Filter ကို စတင်အသုံးပြုကတည်းက အချိန်တစ်ခု သတ်မှတ် ရွေးချယ်ထားမယ်ဆိုရင်တော့ ထို ပြင်သစ်နိုင်ငံ အလံပုံစံ Filter ဟာ အလိုလျောက်ပျောက်ကွယ်သွားမှာပါ။ မဟုတ်ရင်တော့ သင့်အနေနဲ့ Profile Picture မှာ ကလစ်နှိပ်ပြီး Option ထဲမှာ "Update Profile Photo" ကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ အဲဒီက တဆင့် သင့်ရဲ့ ဓါတ်ပုံအဟောင်း (သို့) အသစ်တစ်ခုကို ရွေးချယ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းထဲမှာတော့ Facebook သုံးစွဲသူ အချို့အတွက် ပြင်သစ်နိုင်ငံ အလံ ပုံစံ Filter ကို ဘယ်လိုပြောင်းလဲရမှန်းမသိဖြစ်တဲ့ ပြဿနာ တွေအမြောက်အများ ပေါ်ထွက်လာခဲ့ပါတယ်။ သုံးစွဲသူတစ်ယောက်ကတော့ "ဒါဟာ Facebook အနေနဲ့ ပြင်ဆင်သင့်တဲ့ အရာပါ။ ငါတို့ဟာ Facebook Pro Picture မှာ အလံကို ဘယ်လောက်ထားမယ်ဆိုတာ ရွေးချယ်ထားပါတယ်။ ဒါပေမယ့် အဲဒါက အလုပ်မလုပ်ပါဘူး။ စိတ်ပျက်ဖို့ကောင်းပါတယ်။ အမှန်တစ်ကယ်က ငါတို့ဘာမှလုပ်စရာမလိုပဲ အလိုလျောက်ဖြစ်လာသင့်တာပါ" လို့ ရေးသားထားပါတယ်။

( Mario )

No comments:

Post a Comment