iCon
zawgyi သို့ မဟုတ် unicode
Thursday, November 19, 2015
မီးပလပ်ခေါင်းအား ဆွဲဖြုတ်စဉ် ဓာတ်လိုက်ခံရ၍သေဆုံး
နေပြည်တော်၊ နိုဝင်ဘာ ၁၈
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် လူတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာနေ ကိုစန်းဝင်း(၃၈)နှစ်ဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးချက်အရ ကိုစန်းဝင်းသည် ဘိုကုန်းကျေးရွာရှိ ဦးစိန်ထွန်းမောင်၏နေအိမ်၌ ပြတင်းပေါက်တံခါးများတပ်ဆင်ရန်အတွက် ပြတင်းပေါက်တံခါးအား လျှပ်စစ်ရေပေါ်ထိုးပြီးနောက် မီးပလပ်ခေါင်းအား ဆွဲဖြုတ်ရာက ဓာတ်လိုက်ခံရပြီး မူးမေ့သွားသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် တောင်တွင်းကြီးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၄/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment