ရန်ကုန် နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် သာစည်လမ်း (ဈ/၃၃ /၁ဝ) ရပ်ကွက်နေ ဒေါ်သိန်းတင်(၇၆)နှစ်သည် လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးပြီး နားနှစ်ဖက် ရှိ နားကပ်များ ပျောက်ဆုံးနေသဖြင့် သမီးဖြစ်သူ ဒေါ်ခင်ဖြူအေးက ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
ရွှေပြည်သာရဲစခန်းမှ ဒုရဲမှူး ညွန့်ဌေးက အမှုစစ်အဖြစ်ဆောင်ရွက် ပြီး အမှုကို စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ အောင်ရဲလင်း(ခ)အောင်သူထက် ဖြစ်ကြောင်း သိရှိရ၍ ၄င်းအား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂ဝ/၃၉၄ အရ တရားစွဲတင်ပို့ ခဲ့သည်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အဆိုပါအမှုအား ပြစ်မှုကြီးအမှတ် ၁၄၅/၂ဝ၁၄ ဖြင့်လက်ခံပြီး ဒုတိယ ခရိုင်တရားသူကြီး(၆) ဦးကျော်ကျော် ဦးက လက်ခံစစ်ဆေးကြားနာခဲ့ပြီး နောက် သက်သေခံချက်များ၊ သက်သေ ခံပစ္စည်း အထောက်အထားများ၊ တရားခံ၏ဝန်ခံထွက်ဆိုချက်များအရ အောင်ရဲလင်း(ခ) အောင်သူထက် သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂(၁) (ဂ)အရ ပြစ်မှုကျူးလွန် ကြောင်းသုံးသပ်ပြီး သေဒဏ်ကျခံ စေရန် နိုဝင်ဘာ ၁၂ ရက်တွင် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အောင်သန်း(သရက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:
Post a Comment