iCon
![[IMG]](https://78.media.tumblr.com/d5a502bfc2544b1b0c3f1625ef10c913/tumblr_mv4zqcNwFj1s1va72o1_400.gif)
zawgyi သို့ မဟုတ် unicode
Friday, November 20, 2015
ယာဉ်ကျော်တက်စဉ် အရှိန်မထိန်းနိုင်သဖြင့် ယာဉ်တိုက်မှုဖြစ်
ရန်ကုန် နိုဝင်ဘာ ၁၉
သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဦးအေးသွင်(၅၂ နှစ်) သင်္ဃန်းကျွန်းမြို့နယ်နေသူမောင်းနှင်လာသော ယာဉ် အမှတ်2H/--- တိုယိုတာဒိုင်နာ အဖြူရောင်ယာဉ် သည် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က မြရွှေဝါ ဆန်စက်ရှေ့အရောက် ယာဉ်ကြောတူ ရှေ့၌ မောင်းနှင် လျက်ရှိသော ယာဉ်ကိုကျော်တက်စဉ် အရှိန်မထိန်း နိုင်ဘဲ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ဦးစန်းအောင် (၄၇ နှစ်) ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ မောင်းနှင်လာ သောယာဉ်အမှတ် 4G/---- ဟွန်ဒိုင်းအဖြူရောင် ၁ဝ ဘီး ဆီသယ်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးအေးသွင် တွင် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းကိုအား ခက်ခဲစွာဆွဲထုတ်ခဲ့ရကြောင်း သိရ သည်။ အဆိုပါယာဉ်တိုက်မှုကို သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment