iCon
zawgyi သို့ မဟုတ် unicode
Friday, November 20, 2015
ကျောင်းစောင့်၏ကြိုတင်ကြံစဉ်မှုဖြင့် ကျောင်းအုပ်ဆရာမကြီး လုယက်ခံရ
တောင်ငူ နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီ ခန့်က ကျောင်းအုပ်ဆရာမကြီး တစ်ဦးက ဘူတာသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းစဉ် ဆိုင်ကယ်စီးသည့် လူတစ်စုက လက်ဆွဲအိတ်အား လုယူသွားသည့် အမှုကို တောင်ငူမြို့မ ရဲစခန်းက ရက်ပိုင်းအတွင်း ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် တောင်ငူမြို့ အမှတ် (၄)ရပ်ကွက်ရှိ အမှတ်(၂) အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းသည် ကျောင်းစောင့် ဖြစ်သော ကျော်သူဝင်း(၂၄)နှစ်အား ဘူတာသို့ဆိုင်ကယ်ဖြင့် လိုက်ပို့ခိုင်းခဲ့ရာ အမှတ်(၁၈)ရပ်ကွက် ဘူတာလမ်းအရောက် နောက်မှအမည်မသိသူများ စီးနင်းလာသည့် ဆိုင်ကယ်က ရှေ့သို့ကျော်တက်ပြီး ဆရာမကြီး၏ လက်တွင် ကိုင်ဆောင်ထားသော သားရေလက်ဆွဲအိတ်အား လုယူထွက်ပြေးသွားခဲ့သည်။ သားရေအိတ် အတွင်း၌ စိန်လော့ကက်သီးတစ်ခု ငွေကျပ်သုံးသိန်း၊ ကျပ်သုံးသိန်းတန် ဟန်းဆက်တစ်လုံး ပါသွားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်အား မြို့မစခန်းမှူးနှင့် အဖွဲ့များက စုံစမ်းခဲ့ရာ တောင်ငူမြို့ (၁၆)ရပ်ကွက် ပွဲစားလမ်းရှိ ယွန်းရွှေစင်ရွှေဆိုင်သို့ နိုဝင်ဘာ ၁၈ ရက် ည ၁၁ နာရီ ခန့်က စိန်လော့ကက်သီးအား လာရောက်ရောင်းချနေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ဖမ်းဆီးနိုင်ခဲ့သည်။
ရောင်းချသူ စိုးဝင်းအောင်(ခ) ဒါလေး၏ ထွက်ဆိုချက်အရ အခင်းဖြစ်ညက သူငယ်ချင်းများနှင့်အတူ ကျူးလွန်ခဲ့ပြီး ကျောင်းစောင့်ဖြစ်သော ကျော်သူဝင်းက ကြိုတင်ကြံစည်ကာအကွက်ချ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Labels:
သတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment