iCon
zawgyi သို့ မဟုတ် unicode
Thursday, November 19, 2015
ကစားသမားတွေရဲ့ ဒဏ်ရာတွေကြားထဲက ဓားစာခံ မန်ယူ
မန်ယူအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေကြောင့် အခက်ကြုံနေရတယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ အားထားရတဲ့လူငယ် ကစားသမား Anthony Martial ဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အနည်းငယ်ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သူဟာ ပွဲချိန် ၆၇ မိနစ်မှာတော့ Greizmann နဲ့ လူစားလဲခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြင်သစ်နည်းပြ Deschamps ကတော့ ဘယ်လောက် အနားယူရမယ်ဆိုတာကို ပြောခဲ့ခြင်းမရှိဘဲ " Martial ဟာ အနည်းငယ်နာကျင်သွားပုံပါပဲ သူရဲ့ ခြေထောက်နားကို ထိတာ နည်းနည်းပြင်းတဲ့ ပုံပဲ " လို့သာ ပြောခဲ့ပါတယ်။
အဲ့ဒီပွဲမှာတော့ ပြင်သစ်အသင်းဟာ Alli , Rooney တို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန်အသင်းကို အရှုံးပေးခဲ့ရပါတယ်။ အင်္ဂလန်အသင်းကတော့ သူတို့ရဲ့ ချိုမြိန်တဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံကို တွေ့ခဲ့ရပါတယ်။ မန်ယူအသင်းကတော့ နိုင်ငံတကာပွဲတွေမှာ အဓိက ကစားသမားတွေဖြစ်တဲ့ Martial နဲ့ Carrick တို့ ဒဏ်ရာရခဲ့တာကြောင့် အခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။ Carrick ကတော့ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ Carrick ရဲ့ ဒဏ်ရာကတော့ ခန့်မှန်းထားသလောက် မဆိုးဝါးခဲ့ဘဲ ဒီဇင်ဘာလအစမှာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
Martial ဒဏ်ရာကတော့ ဘယ်လောက်အနားယူရမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒဏ်ရာရနေတဲ့ မန်ယူရဲ့ ကွင်းလယ်ကစားသမား Fellaini ကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပြီး လေ့ကျင့်ခန်းပြန်ဆင်းနေနိုင်ပြီလို့ သိရပါတယ်။ သူကတော့ ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူနည်းပြ Van Gaal ကတော့ ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ခေါင်းခဲလျက်ရှိပြီး Valencia , Martial , Carrick တို့ကတော့ ဒဏ်ရာရစာရင်းကို ထပ်တိုးစေခဲ့တာပါ။ နိုင်ငံတကာပွဲစဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို မန်ယူအသင်းကတော့ ခါးစည်းခံနေရပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)



No comments:
Post a Comment