iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, November 19, 2015

"ဒါကြောင့် ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာပါ" ဟု ဦးခင်ရွှေ ဆို


“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် ရင်းနှီးမြှုပ်နှံသူတွေနဲ့ တန်းတူ အလုပ်လုပ်နိုင်တဲ့ ကျွန်တော်တို့ ခရိုနီတွေနဲ့ ဘယ်သူမှ ကင်းလို့မရပါဘူး။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက စီးပွားရေးကိစ္စတွေကို လမ်းဘေးဈေးသည်နဲ့ သွားဆွေးနွေးလို့ မရပါဘူး။ သူတို့ရဲ့ အမည်ပျက်စာရင်းကနေ ကျွန်တော်တို့ကို ဖယ်ရှားပေးရပါမယ်။

ဒါဟာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ နေရာတွေထဲမှာ ပုံရိပ်မကောင်း ဖြစ်နေတာကို ပြင်ဆင်ဖို့ အရေးကြီးပါတယ်။

တစ်ကမ္ဘာလုံးက လူတိုင်းက သူ့(ဒေါ်အောင်ဆန်းစုကြည်) ကို သိကြပါတယ်။ ကျွန်တော်တို့ ဒီအခွင့်အလမ်းကို လက်လွှတ်ခံလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာပါ။ NLD က အစိုးရသစ်ဖွဲ့မှာကို ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်”

ဦးခင်ရွှေ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီ

The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment