iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, November 19, 2015

ခဲရာခဲဆစ် မေးခွန်းတွေကို ပြန်ဖြေပေးမဲ့ Google ရဲ့ mobile app



Google ရဲ့ mobile search app ဟာ အသေးစိတ်ကအစ ပြန်ဖြေပေးနိုင်ပြီး ကောင်းသည်ထက်ကောင်းလာ ပါတယ်။ တကယ့် လူတစ်ယောက်ကို မေးနေသလိုမျိုး မေးခွန်းတွေကို ပြန်ဖြေပေးမှာပါ။

Android နဲ့ iOS ဆော့ဖ်ဝဲလ်ဟာ အခုဆိုရင် မေးခွန်းတွေကို မှန်မှန်ကန်ကန် တိတိကျကျ ဖြေပေးနိုင်ဖို့အတွက်ကို ပိုကြိုးစားလုပ်ဆောင်နေကြပါတယ်။ မေးခွန်းအလွှာပေါင်းစုံကို လှည့်ကွက်မရှိဘဲ ဖြေပေးနိုင်ပါတယ်။ သင်လိုချင်တဲ့ ခုနှစ်အတိအကျကိုပြောပြီး ဘယ်မြို့မှာ လူဦးရေဘယ်လောက်လဲ ဆိုတာကအစ နံပါတ်အတိအကျကို ပြန်ဖြေပေးပါတယ်။

Google search app ဟာ 'အကြီးဆုံး' 'အသေးဆုံး' ဆိုတာတွေကိုပါ နားလည်ပါတယ်။ အစီအစဉ်လိုက်ရှိတဲ့ ပစ္စည်းတွေကိုလည်း ဘယ်လိုဖြေရမယ်ဆိုတာ သိပါတယ်။ ( အမေရိကန်မှာ အမြင့်ဆုံး အဆောက်အအုံက ဘာလဲ။ ဆိုတာမျိုးကို မေးကြည့်လိုက်ပါ။)

၎င်းရဲ့ အဆင့်မြှင့်ထားတဲ့ engine မှာ အမှားတွေရှိတုန်းပဲဆိုတာကို Google က မစောင့်မဆိုင်း ဝန်ခံထားပါတယ်။ ဒါပေမဲ့  သင့်ရဲ့ တောင်းဆိုချက်တွေဟာ အရမ်းကို တိကျနေရင် ဒါမှမဟုတ် ကြောင်တောင်တောင်နိုင်ရင်တောင် သင့်အနေနဲ့ အသုံးဝင်တဲ့ ရလဒ်တွေကို မျှော်လင့်ထားနိုင်ပါတယ်။

( Skyler )

No comments:

Post a Comment