iCon
zawgyi သို့ မဟုတ် unicode
Thursday, November 19, 2015
အူရီဒူးက အင်တာနက်(သို့) ငွေဖြည့်လက်ဆောင် တွေ အခမဲ့ ပေးနေ
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Ooredoo ဟာ အင်တာနက်(သို့) ငွေဖြည့်လက်ဆောင် တွေ အခမဲ့ ပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အူရီဒူး ဆင်းမ်ကတ် သုံးစွဲသူတိုင်းကို ပေးခဲ့တာတော့မဟုတ်ပါဘူး။
အူရီဒူး ဆင်မ်းကတ်ကို ၀ယ်ယူထားပေမယ့် ၊ အသုံးပြုဖူးပေမယ့် ၊ လက်ရှိမှာ အသုံးမပြုတော့တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ ဆင်းမ်ကတ်တွေကို အင်တာနက် (သို့) ငွေဖြည့်လက်ဆောင်တွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အင်တာနက် လက်ဆောင်ရရှိသူတွေကတော့ တစ်ယောက်ကို 500MB ဒေတာ သုံးစွဲခွင့် အခမဲ့ ရရှိခဲ့တာ ဖြစ်ပြီး ငွေဖြည့်လက်ဆောင်ရရှိသူတွေ အတွက် ကတော့ ဖုန်းဘေလ် ငွေကျပ် ၅၀၀ ဖြစ်ပါတယ်။
"ကျွန်တော့် အူရီဒူး ကတ်က မသုံးတာ ကြာပြီ။ တစ်ပတ်ကျော်ပြီ။ အဲဒါ လက်ဆောင်တွေပေးနေတယ်ကြားလို့ အူရီဒူး ဆင်းမ်ကတ် ပြန်သုံးကြည့်တာ အင်တာနက် 500MB လက်ဆောင်ရောက်နေတယ်။ အဆင်ပြေတာပေါ့ဗျာ။ 500MB ဆိုတာအများကြီးသုံးလို့ရတယ်လေ" လို့ အူရီဒူးဆင်မ်းကတ် သုံးစွဲသူ လူငယ်တစ်ဦးက ပြောပါတယ်။
တစ်ချို့ အသုံးပြုသူတွေကလည်း ငွေဖြည့်လက်ဆောင်နဲ့ အင်တာနက် အခမဲ့ မရခဲ့တဲ့အတွက် စောဒက တက်မှုတွေ ရှိခဲ့ပေမယ့် ဒီအစီအစဉ်ဟာ အူရီဒူး ဆင်မ်းကတ်ကို မသုံးပဲ အချိန်ကြာကြာ ထားရှိခဲ့သူတွေအတွက်တော့ အဆင်မပြေပဲ အချိန်တစ်ခုအထိ အသုံးပြုဖူးပြီး လက်ရှိမှာ မသုံးဖြစ်တော့တဲ့ သူတွေကိုသာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ အူရီဒူး ကုမ္မဏီ ထံမှ သိရပါတယ်။
မိမိ ဖုန်းထဲ လက်ဆောင်ရောက်/မရောက်ကို သိဖို့အတွက် အသုံးမပြုတာကြာပြီဖြစ်တဲ့ အူရီဒူး ဆင်းမ်ကတ် ကို ဖွင့်ကြည့်မှ သိနိုင်မယ်လို့လည်း ဆိုပါတယ်။
မကြာသေးမီကလည်း အူရီဒူး ကုမ္မဏီက 3 in 1 ဆိုတဲ့ ဖုန်းပြောဆိုခြင်း ၊ မက်ဆေ့ဂ်ျပေးပို့ခြင်း နဲ့ အင်တာနက် အသုံးပြုခြင်း ၃ မျိုးကို ဈေးနှုန်းသက်သာစွာ နဲ့ အသုံးပြုနိုင်မယ့် အစီအစဉ်သစ်တစ်ရပ်ကို မိတ်ဆက်ထားပါသေးတယ်။ ထို အစီအစဉ်မိတ်ဆက် အပြီး ရက်သတ္တပတ် အနည်းငယ် အကြာမှာ အခုလို အခမဲ့ လက်ဆောင်တွေ ပေးအပ်ခဲ့တဲ့အတွက်လည်း အူရီဒူး ဆင်းမ်ကတ်ကို ပြန်လည် အသုံးပြုသူတွေ များလာခဲ့တယ်လို့ သိရပါတယ်။
( Mario )
Subscribe to:
Post Comments (Atom)

No comments:
Post a Comment