iCon
zawgyi သို့ မဟုတ် unicode
Friday, November 20, 2015
Sanchez ကို တစ်ပတ်ပေါင်တစ်သိန်းခွဲနဲ့ အာဆင်နယ် စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိကတောင်ပံကစားသမားဖြစ်တဲ့ Alexis Sanchez ကို စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာ ဂန်းနားတို့ဟာ Sanchez ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စာချုပ်သစ် ကိစ္စအတွက် ဆွေးနွေးခဲ့ကြပြီး အာဆင်နယ်ကတော့ ကစားသမားနဲ့ ဆွေးနွေးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပါတယ်။
စာချုပ်သစ်သာချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် Sanchez ဟာ တစ်ပတ်ကိုပေါင်တစ်သိန်းခွဲနဲ့ နောက်ထပ်ငါးနှစ် ၂၀၂၀ အထိ အာဆင်နယ်မှာ ဆက်ရှိနေမယ်လို့ သိရပါတယ်။ သူ့ရဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းသုံးသောင်းတန် စာချုပ်ကတော့ နောက်ထပ်နှစ်နှစ်ခွဲ သက်တမ်းကျန်နေပြီး အဲ့ဒီစာချုပ်သက်တမ်းကို ကစားသမားက သဘောတူအုံးမယ်လို့လည်း ယုံကြည်နေပါတယ်။
Sanchez ဟာဆိုရင် အာဆင်နယ်အသင်းမှာ သူ့ရဲ့သွင်းဂိုးတွေ ဖန်တီးမှုတွေနဲ့ တောက်လျှောက်အကျိုးပြုနေတာကြောင့် ဒီကစားသမားကို ရီးရဲလ်မက်ဒရစ် ၊ မန်ယူ စတဲ့ အသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးစားလာတာလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ထပ်အရေးပါတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ Ozil ကိုလည်း စာချုပ်သက်တမ်းသစ်တစ်ရပ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ ဂျာမန်သားဟာဆိုရင် အာဆင်နယ်အသင်းမှာ လက်ရှိတစ်ပတ်ကို ပေါင် ၁၄၀၀၀၀ ရရှိနေပြီး အာဆင်နယ်က ဒီထက်မြင့်မားတဲ့ လစာနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ Ozil ဟာလည်း Sanchez လိုပဲ လက်ရှိစာချုပ်သက်တမ်းကတော့ နှစ်နှစ် ကျန်နေပါသေးတယ်။
Ozil ကတော့ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ဆယ်ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ငါးခုမှာ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်နေခဲ့ပါတယ်။ အခုလို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ ကစားသမားနှစ်ယောက်လုံးဟာ အခုရာသီမှာ အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေဖြစ်ပြီး နည်းပြ Arsene Wenger က သူတို့နှစ်ယောက်လုံးကို သက်တမ်းရှည် စာချုပ်တစ်ရပ်စီနဲ့ အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment