iCon
zawgyi သို့ မဟုတ် unicode
Friday, November 20, 2015
အသင်းနဲ့ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေတဲ့ Sturridge
ဒဏ်ရာကြောင့် အချိန်အတော်ကြာ နားနေရတဲ့ လီဗာပူးလ်တိုက်စစ်မှူး Sturridge ဟာ အသင်းနဲ့ ပြန်လည် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပြီး နည်းပြသစ် Klopp လက်အောက်မှာ ပါဝင်ကစားခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ အောက်တိုဟာလအတွင်းက အသင်းဖော် Ibe နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာရခဲ့တဲ့ Sturridge ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးပေမယ့်လည်း ပြန်ကစားနိုင်ဖို့ သူ့ရဲ့ ကြံ့ခိုင်ရေးက အကောင်းဆုံးပုံစံတစ်ခုကို ရောက်ရှိနေပြီလို့ သိရပါတယ်။
သူဟာ အသင်းရဲ့ အမှတ်တရ ညစာစားပွဲ ကျင်းပခဲ့တဲ့ Titanic ဟိုတယ်ကို ယုံကြည်မှုအပြည့်နဲ့ ရောက်ရှိလာခဲ့ပြီး သူ့ပုံစံကလည်း ပြန်ကစားနိုင်မယ့် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာပါ။ "ကျွန်တော်ကတော့ ကြံ့ခိုင်မှုပြန်ပြည့်လာပြီး အကောင်းဆုံး အချိန်တစ်ခုကို ဖြတ်ကျော်ရတော့မှာပါ။ နည်းပြသစ်လက်အောက်မှာ အကောင်းဆုံး ကစားနိုင်မယ် ထင်ပါတယ်။ ကျွန်တော် နည်းစနစ်အသစ်တွေနဲ့ နည်းပြသစ်လက်အောက်မှာ ကစားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားနေတယ်။ သူဘယ်လိုကစားစေချင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိနေဖို့လိုအပ်ပါလိမ့်မယ် " လို့ပြောပါတယ်။
ဒီတိုက်စစ်မှူးဟာ အပြေးလေ့ကျင့်ခန်းနဲ့ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို အရင်အပတ်တည်းက ပြန်လုပ်ဆောင်နေပြီး အခုဆိုရင်တော့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်အားလုံးမှာ ပါဝင်ကစားနေနိုင်ပြီလို့ သိရပါတယ်။ သူဟာ စနေနေ့မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်ဖို့တော့ မသေချာသေးဘူးလို့ သိရပါတယ်။ သူဒဏ်ရာရနေတဲ့ အချိန်မှာတော့ နည်းပြ Klopp ဟာ အခြားလူငယ်တိုက်စစ်ကစားသမားဖြစ်တဲ့ Origi ကို ထည့်သွင်းကစားခဲ့တယ်လို့ သိရပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment