iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

Android One အမျိုးအစား စမတ်ဖုန်းတွေမှာ Android စနစ်ရဲ့ 6.0.1 ဗားရှင်း Marshmallow ကို စတင်အသုံးပြုခွင့်ပေး



ဒီတစ်ပတ် အစောပိုင်းကမှ Google ကနေ မိတ်ဆက်ထုတ်လုပ်ခဲ့တဲ့ Android စနစ်ရဲ့ 6.0.1 ဗားရှင်း Marshmallow ဟာAndroid One အမျိုးအစား စမတ်ဖုန်းတွေမှာ စတင်အသုံးပြုနေပြီဖြစ်တယ်လို့သိရပါတယ်။

Android Police ဆိုတဲ့ သတင်းဌာန အရတော့ Android One ကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Micromax Canvas A1 အပါအ၀င် Cherry Mobile One ၊ General Mobile 4G နဲ့ i-mobiles IQ II တို့မှာလည်း Marshmallow စနစ်ကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

Marshmallow update ဟာ အရွယ်အစား ပမာဏ 75.6 MB အထိရှိပြီး ဟန်းဆက်ရဲ့ Build နံပါတ်ကိုလည်း MMB29K အဖြစ်ပြောင်းလဲလိုက်ပါတယ်။ အခြား Android One စမတ်ဖုန်းတွေဖြစ်တဲ့ Lava Pixel V1 နဲ့ Karbonn Sparkle V တို့အပါအ၀င် အခြား ဟန်းဆက်တွေမှာလည်း မကြာမီ အချိန်အတွင်း Marshmallow စနစ်ကို ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Android 6.0.1 Marshmallow ဟာ emoji အသစ်တွေကိုလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး ထို emoji တွေကိုတော့ Google ရဲ့ ကီးဘုတ် App ပေါ်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Nexus ကိရိယာတွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Marshmallow ကို ထည့်သွင်းပေးထားမယ့် အခြားဖုန်းတွေကိတော့ Nexus 6P ၊ Nexus 5X ၊ Nexus 5 ၊ Nexus 6 ၊ Nexus 9 ၊ Nexus 7 နဲ့ Nexus Player တို့ပဲဖြစ်ပါတယ်။ HTC ရဲ့ ထုတ်လုပ်ရေး ဒု-ဥက္ကဌ ဖြစ်သူ Mo Versi ကလည်း တနင်္လာနေ့ကပဲ ကြေညာခဲ့တာက HTC One A9 စမတ်ဖုန်းမှာလည်း Android 6.0.1 Marshmallow Update ကို ထည့်သွင်း ခွင့် ပေးသွားမယ်လို့ ဆိုထားပါတယ်။

( Mario )

No comments:

Post a Comment