iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

iPhone 6c နှင့် Apple watch 2 တို့အား Apple မှ မတ်လတွင် ထုတ်ပြန်ဖွယ်ရှိနေ

Apple CEO Tim Cook အား Apple Watch မိတ်ဆက်ပွဲတွင်တွေ့ရစဉ်


Apple ကုမ္ပဏီက ၄င်းတို့ရဲ့ မျိုးဆက်သစ်နာရီအမျိုးအစား Apple Watch 2နှင့် ပိုမိုသေးငယ်တဲ့ Screen ပါဝင်လာမယ့် iPhone 6c တို့အား လာမည့်မတ်လအတွင်း ထုတ်ပြန်ဖို့အလားအလာရှိတယ် လို့ သိရပါတယ်၊

အဲ့ဒီပစ္စည်း နှစ်ခုလုံးဟာ ၂၀၁၆ခုနှစ်အစောပိုင်းမှာထုတ်ပြန်မယ်လို့ ကောလာဟာလတွေ အများအပြားထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မတ်လမှာ နှစ်ခုလုံးကိုထုတ်ပြန်ပြသမယ်လို့သတင်းတွေထွက်လာတာ
ဖြစ်ပါတယ်၊

ဒါဟာApple ကသူတို့ရဲ့ မိုဘိုင်းလ်ထုတ်ကုန်သုံးစွဲသူတွေကို နှစ်စဉ်အမြဲ Update ပစ္စည်းတွေကိုထုတ်ပြန်မယ့် အဓိပ္ပာယ်လဲဖြစ်နိုင်တယ်လို့ဆိုပါတယ်၊ Apple ဟာသူတို့ရဲ့ ပထမဆုံးနာရီကို ၂၀၁၄ စက်တင်ဘာလမှာကြေငြာပြီးတဲ့နောက် ဧပြီလတုန်းကထုတ်လုပ်ခဲ့ပါတယ်၊ ကောလာဟာလသတင်းတွေအရ Apple Watchဟာ ကင်မရာ၊ အိပ်ချိန်တိုင်းတာမှတ်စက် နဲ့ဆင်ဆာနည်းပညာတွေ ပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်၊

iPhone 6cအတွက် ကောလဟာလသတင်းတွေပိုထွက်နေပြီး တိကျတဲ့အချက်အလက်အနည်းငယ်အရ iPhone 5နဲ့ iPhone 5s တို့မှာမြင်ခဲ့ရတဲ့အတိုင်း ၄လက်မ မျက်နှာပြင်နဲ့ အဓိကတူညီပြီးတော့
iPhone 6sထက်ပိုပြီး သွင်ပြင်လက္ခဏာတွေနဲ့ ပါဝင်တဲ့အစိတ်အပိုင်း တွေကိုပိုပြီးမြှင့်တင်ထားမှာဖြစ်တယ်လို့သိရပါတယ်၊

Apple ဟာပုံမှန်အားဖြင့် သူတို့ရဲ့အဓိက ပစ္စည်းတွေဖြစ်တဲ့ iPhone နဲ့ iPad တွေကိုနှစ်ကုန်ပိုင်းတွေဖြစ်တဲ့ စက်တင်ဘာလနဲ့အောက်တိုဘာလတွေမှာ မိတ်ဆက်လေ့၇ှိပါတယ်၊ အရင်ဆုံး iPhone ကိုအရင်မိတ်ဆက်လေ့ရှိပြီး မရှေးမနှောင်းမှာ iPad ထွက်လာလေ့ရှိပါတယ်၊


(Blue Lion)

No comments:

Post a Comment