iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

မန်ယူနဲ့ ဝုလ်ဖ်ဘတ်အသင်းပွဲစဉ်မပြီးခင်မှာ ဖောက်ခွဲရေးပစ္စည်းလို့ယူဆရတဲ့ ပါဆယ်ထုပ်တစ်ခုတွေ့ခဲ့


ဝုလ်ဖ်ဘတ်အသင်းရဲ့ အိမ်ကွင်း Volkswagen Arena မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပါဝင်တယ်လို့ သံသယရှိတဲ့ အထုပ်တစ်ထုပ်ကို ကားပါကင်နားမှာ တွေ့ခဲ့ရတယ်လို့ ကွင်းလုံခြုံရေးတွေက ထုတ်ပြန်ခဲ့ပါတယ်။ ပွဲပြီးဆုံးသွားတဲ့အချိန်မှာ အခုလိုပါဆယ်ထုပ်ကို VIP ကားပါကင်နားမှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

 ကွင်းထဲမှာ ရှိနေတဲ့ မန်ယူနည်းပြဟောင်း Ferguson, မန်ယူအသင်းပိုင်ရှင် ဂလေဇာနဲ့ မန်ယူအမှုဆောင်ချုပ်ဟောင်း David Gill တို့ဟာ လုံခြုံရေး ခွင့်ပြုချက်ရမှသာ ကွင်းထဲကနေ ထွက်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို လုံခြုံရေးတွေကို ပွဲပြီးခါနီး ဆယ့်ငါးမိနစ်စာလောက် အလုပ်ရှုပ်စေခဲ့တဲ့ သံသယဖြစ်ဖွယ်ပါဆယ်ထုပ်ဟာ ဘာအန္တရာယ်မှမရှိတဲ့ ရိုးရိုး ပါဆယ်ထုပ် တစ်ထုပ်သာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဘောလုံးပွဲတွေကို လက်ခံကျင်းပနေတဲ့ အားကစားကွင်းတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်ပွားပြီးတည်းက အရင်ကထက် လုံခြုံရေးအစီအစဉ်တွေကို ထပ်တိုးချမှတ်ခဲ့ကြပါတယ်။

ပဲရစ်တိုက်ခိုက်မှုတွေမှာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းဟာလည်း ပစ်မှတ်တစ်ခုဖြစ်ခဲ့ပြီး ISIS အကြမ်းဖက်သမားတွေဟာ ကွင်းထဲကို ဝင်ခွင့်မရခဲ့တာကြောင့် ကွင်းဝင်ပေါက်တွေမှာပဲ အသေခံဗုံးခွဲမှုတွေကို လုပ်ဆောင်ခဲ့တာပါ။

ဒီလိုလုံခြုံရေး ခြိမ်းခြောက်ခဲ့မှုတွေကြောင့် ဟန်နိုဗာမြို့မှာ ကစားမယ့် ဂျာမနီအသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ဘယ်လ်ဂျီယံအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ခြေစမ်းပွဲကိုလည်း ဘယ်လ်ဂျီယံရဲ့ မြို့တော် ဘရပ်ဆဲလ်မြို့မှာ အကြမ်းဖက်သမားတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့်ပဲ ထပ်မံဖျက်သိမ်းခဲ့ရတာပါ။

 ဒါ့အပြင် နာမည်ကျော် အယ်လ်ကလာစီကိုဒါဘီပွဲစဉ်မှာလည်း လုံခြုံရေးကို သုံးဆတိုးမြှင့်ခဲ့ပြီး ဘာနေဗျူးကွင်းခေါင်မိုးမှာ စနိုက်ပါသမားတွေကို အသင့်အနေအထားနဲ့ စောင့်ကြပ်ခိုင်းထားခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ISIS အကြမ်းဖက်သမားတွေ ရန်ကနေ ကာကွယ်နိုင်ဖို့ ဘောလုံးပွဲစဉ်တွေမှာလည်း လုံခြုံရေးကို အထူးဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ 


(Paing A K)

No comments:

Post a Comment