iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

ဗိုလ်တထောင်ဘုရား ဂေါပကရုံးအဖွဲ့မှုးကိုငွေသိန်း ၇၀၀ ကျော် အလွဲသုံးစားလုပ်မှုကြောင့်တရားစွဲ

ဗိုလ်တထောင်ဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှုးဦးတင်ထွန်းအောင်ကို ဘုရားကြီး ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှသိရသည်။

အဆိုပါအမှုကို နိုဝင်ဘာ ၂၆ ရက်ကအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက် တွင်ဆိပ်ကမ်းမြို့နယ်တရားရုံး၌ ရမန်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘုရားကြီးဘဏ္ဍာငွေများအနက် ကျပ်သိန်း ၇၄၀ ကိုဘဏ်သို့အပ်နှံ ရန်တာဝန်ပေးထားသော်လည်း အပ်နှံခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံး ပြုခဲ့ခြင်းကြောင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဦးတင်ထွန်းအောင်ကို ဆိပ်ကမ်းမြို့မရဲစခန်းက (ပ)၄၅၀/၁၅ ပုဒ်မ ၄၀၉ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

(News Watch)

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment