iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

အမှိုက်ပုံးများ မလုံလောက်သော်လည်း အမှိုက်များကို တွေ့သည့်နေရာတွင် မပစ်ဘဲစည်းကမ်းတကျ စွန့်ပစ်ရန် ညွှန်ကြားထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို



အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်နိုင်ရန် ညွှန်ကြားချက်များ ထုတ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန ၏ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်တွင် ပြောဆိုခဲ့သည်။

“ဥပမာ မီးရှို့လို့ရတဲ့ အမှိုက်တွေကို မီးရှို့ခွင့်ပေးထားတဲ့ နေရာတွေမှာ ရှို့ရမယ်။ မီးရှို့လို့မရတဲ့ အမှိုက်တွေကို စည်ပင်သာယာ အမှိုက်ပုံတွေမှာ သွားပြီးတော့ ထားရမယ။် အဲ့လို ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ လုံလောက်စွာ ထားရှိနိုင်ရေး အတွက် ကော့မှူးမြို့နယ်အတွင်းတွင် စည်ပင်သာယာနှင့် တိုင်ပင်၍ လုပ်ဆောင် လျက်ရှိကြောင်း နောက်ပိုင်းတွင် နေရာတိုင်းတွင် အမှိုက်ပုံးများ လုံလောက်စွာ ထားရှိနိုင်ရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမှိုက်ပုံးများ မလုံလောက်သော်လည်း အမှိုက်များကို တွေ့သည့်နေရာတွင် ပစ်ရန် မလိုကြောင်း၊ တချို့နေရာများတွင် အမှိုက်ပုံးရှိသည်အထိ ယူသွား၍ ရကြောင်း၊ အချို့နေရာများတွင် အမှိုက်ပုံး မည်သည့်နေရာ ရောက်နေမှန်း မသိသည့်အတွက် အခက်အခဲ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြား ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်၌ ကော့မှူးမြို့တွင် အမှိုက်ကောက်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့တွင် အမှိုက် ကောက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။

ထို့အတူ တစ်နိုင်ငံလုံးရှိ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အား ဒီဇင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် အမှိုက်ကောက်ရန်လည်း
ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်က လမ်းညွန်ထားသည်။

( The Ladies News Journal )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment