iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

မုဒိမ်းမှုဖြစ်စဉ် ယခင်နှစ်နှင့်နှိုင်းစာပါက အတန်ငယ်လျော့ကျသွား



၂၀၁၅ ခုနှစ် ၁၁ လတာ ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ်မှာ ယခင်နှစ်နှင့် နှိုင်းစာပါက အတန်ငယ် လျော့ကျသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှုခင်းနှိမ်နင်း ရေးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်းက ၁၁ လတာ ကာလအတွင်း၌ မုဒိမ်းမှု ၁၂၃ မှုအထိ ရှိခဲ့ကာ ယခုနှစ်တွင် ၁၀၂ မှုသာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခင်နှစ်များနှင့် နှိုင်းစာပါက လျော့ကျသည် ဆိုသော်လည်း အမှုပေါင်း တစ်ရာကျော်ဆိုသည်မှာ မဖြစ်သင့် ကြောင်း ဥပဒေအကြံပေးတစ်ဦးက ဆိုသည်။

"မုဒိမ်းမှုတွေ ဖြစ်တယ်။ ဒီနှစ်ပိုင်းတွေမှာ အဖြစ်များလာတာ တွေကတော့ သက်ငယ် မုဒိမ်းတွေပဲ။ တလောတုန်းက ရခိုင်မှာ ကလေးမလေးတစ်ယောက်၊ မော်လမြိုင်မှာရော။ အဲဒါတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူသင့်နေပါပြီ။ ဦးသိန်းညွန့် တင်ခဲ့သလို သေဒဏ်ပေးသင့်နေပြီ။ အပျော်ရှာရလွယ်တဲ့ ခေတ်ထဲမှာ သက်ငယ် မုဒိမ်း ကျူးလွန်သူတွေကိုတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးပါ" ဟု အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ကိုင်နေသူ မခင်ခင်မာက ဆိုသည်။

ယခုထုတ်ပြန်သော စာရင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌သာ ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဟုတ်သေးကြောင်း သိရှိရသည်။ ၂၀၁၄ ခုနှစ်
၁၁ လတာ အတွင်းတွင် အမှုကြီးပေါင်း ၃၆၈ မှု၊ အခြားအမှုပေါင်း ၁၂,၄၂၈ မှု၊ ကြိုတင်ကာကွယ်မှုပေါင်း ၂၀,၀၂၄ မှု ထိ ရှိခဲ့သည်။ ယခုနှစ်တွင် အမှုကြီးပေါင်း ၃၅၅ မှု ၊ အခြားအမှုပေါင်း ၁၂,၁၂၉ မှုသာရှိခဲ့ကာ အတန်ငယ် လျော့ကျခဲ့သည်။

( The Ladies News Journal )

No comments:

Post a Comment