iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

ကြက်သွန်သူခိုးဟု ခြိမ်းခြောက်၍ ၁၁ နှစ်သမီးကို အဓမ္မပြုကျင့်မှု ရေစကြိုမြို့နယ် တွင် ဖြစ်ပွား



ရေစကြိုမြို့နယ်တွင် အရွယ်မရောက်သေးသော မိန်းကလေးငယ်အား ကြက်သွန်ခိုး သည်ဟု စွပ်စွဲကာ ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သူအား တိုင်တန်းမှု ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ ရေစကြိုမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ တရားလို မ-----၊အသက် ၁၁ နှစ် သည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၅း၀၀ နာရီချိန်က ညီမဖြစ်သူ မနိုင်ဇင်လဲ့၊ အသက် ခြောက်နှစ်နှင့်အတူ သူဌေးကုန်းကျေးရွာ အရှေ့ဘက် ကိုက်သုံးရာခန့်အကွာတွင်ရှိသော ၎င်းတို့၏ ကြက်သွန်ခင်းအား စောင့်နေစဉ် တစ်ရွာတည်းနေ ဖိုးထွန်း(ခေါ်)တင်ထွန်းအောင်၊ အသက် ၂၈ နှစ် ရောက်ရှိလာပြီး ၎င်းတို့ညီအစ်မ နှစ်ယောက်အား ကြက်သွန်ခိုးကြောင်း၊ ဥက္ကဋ္ဌထံ မတိုင်စေလိုလျှင် ယင်းနှင့် လိုက်ခဲ့ရမည်ပြော၍ ကြက်သွန်ခင်းဘေးရှိ ပြောင်းခင်းထဲသို့ ခေါ်သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြပါရှိသည်။

ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က ညီမဖြစ်သူ မနိုင်ဇင်လဲ့အား ရွာပြန်ရန်ပြောကာ မပြန်လျှင် ဓားနှင့်ထိုးမည် ပြောသောကြောင့် ညီမဖြစ်သူမှာ ရွာသို့ပြန်သွားစဉ် ဖိုးထွန်း (ခေါ်) တင်ထွန်းအောင်က မ-----အား ပြောင်းခင်းထဲ၌ ဖက်လှဲ၍ အလိုမတူဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဖိုးထွန်းက လူကြီးတွေပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၍မ ----- ကမပြောဘဲ နေခဲ့ရာမှ ၎င်း၏ မိန်းမကိုယ်မှာ မခံနိုင်လောက်အောင် နာကျင်လာသောကြောင့် မိဘများအား ဖွင့်ပြောပြီး တိုင်းကြားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားပြုကျင့်သူ ဖိုးထွန်းအား အရေးယူပေးရန် မ------က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေ ရဲစခန်းက (ပ)၁၂၀/၂၀၁၅၊ ပုဒ်မ ၃၇၆ / ၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



(The Ladies News)

https://www.facebook.com/News.TheLadies/

No comments:

Post a Comment