iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, June 20, 2019

သားဖြစ်သူပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံကို ယုံကြည်ခဲ့မိလို့ ဘဏ်မှတရားစွဲဆိုခြင်းခံလိုက်ရတဲ့မိဘနှစ်ဦး

အနုပညာရှင်တွေထဲကမှ သာယာပြီးအားကျဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့မိသားစုဟာ အရမ်းကိုပျော်စရာကောင်းတဲ့မိသားစုလေးပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ပိုင်ဇေရဲထွန်းတို့စုံတွဲဟာ လတ်တလောမှာတော့ ပြည်ပမှာသွားရောက်အပန်းဖြေအနားယူနေတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ပိုင်ဇေရဲထွန်းဇနီးမောင်နှံနဲ့ပတ်သက်ပြီး မိဘနှစ်ဦးရဲ့ ရင်တွင်းခံစားချက်များရေးသားထားတဲ့ စာစုလေးမှာ လူမှုစာမျက်နှာပေါ်မှ တစ်ဆင့်ပြန့်နှံ့ခဲ့တာပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူ ဦးရဲထွန်းကိုယ်တိုင်ရေးသားထားပြီး သားဖြစ်တဲ့ ပိုင်ဇေရဲထွန်းကို Tag တွဲရေးသားခဲ့တာပဲဖြစ်ပါတယ်။အသက်အရွယ်အိုမင်းကာ စိတ်မကောင်းခြင်းများစွာဖြစ်နေတဲ့ မိဘနှစ်ပါးရဲ့ခံစားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…
“သားပိုင်ဇေနဲ့ သမီး သဲသဲ မင်းတို့ ငွေကြေးအခက်အခဲလိုအပ်နေတဲ့အချိန် ချစ်တဲ့စိတ် ယုံကြည်တဲ့စိတ်တွေနဲ့ အိမ်ဂရန်တွေထုပ်ပေးခဲ့မိလို့ အခုကမ္ဘောဇဘဏ်က တရားစွဲတဲ့အတွက် အသက် ၇၆ နှစ် မစွမ်းမသန် အဖေအိုကြီးနဲ့ နှလုံးရောဂါ သယ် ၇၂ နှစ်ရွယ် မိခင်ကြီးတို့. ကိုယ်ဘာမှမကျုးလွန်ရဘဲ တရားရုံး သွားနေကြရပြီ. ရင်ထဲ တော်တော်စိတ်မကောင်းဖြစ်ရတယ်.လုပ်ရက်လိုက်တာကလေးရယ်. . ကာယဒုက္ခ-စိတ္တဒုက္ခ ဝဋ်ကြွေးတွေပြေ ကြေပါစေ ” လို့ဖခင်ဖြစ်သူက ရေးသားထားခဲ့တာဖြစ်ပါတယ်။အဆိုပါပို့စ်တင်ပြီးမကြာမီမှာပဲ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ သူတို့ရဲ့လူမှုအကောင့်တွေမှာ ကောမန့်ပိတ်ခဲ့တာပဲဖြစ်ပါတယ်။

Credit : myanmarfamilylife.com

No comments:

Post a Comment