iCon

[​IMG]

zawgyi သို ့မဟုတ္ unicode

Thursday, June 20, 2019

H1N1 တုပ္ေကြး ကင္းစင္ဖို႔ ကိုယ္ခံအားစနစ္ ျမင့္တက္ေစမည့္ အစာမ်ား


(၁) စြပ္ျပဳတ္
စြပ္ျပဳတ္အေနနဲ႔ ၾကက္စြပ္ျပဳတ္ကလည္း ပ႐ိုတင္းပါလို႔ ကိုယ္ခံအား တက္ေစပါတယ္။ ငါးစြပ္ျပဳတ္၊ ပုဇြန္စြပ္ျပဳတ္၊ ပဲစြပ္ျပဳတ္ စတာေတြက လည္း ပ႐ိုတင္းဓာတ္ပါ၀င္မႈမ်ားတဲ့အတြက္ စားသင့္ပါတယ္။အထူးသျဖင့္ စြပ္ျပဳတ္ရည္ကို ဟင္းခတ္အေမႊးအ ႀကိဳင္ထည့္ၿပီး ပူပူေႏြးေႏြးေလး ေသာက္ေပးရပါမယ္။
(၂) ပုဇြန္
ပုဇြန္စားရင္ ပ႐ိုတင္းဓာတ္ ရရွိေစတဲ့အျပင္ ဇင့္ (သြပ္)ဓာတ္ပါ၀င္ တာေၾကာင့္ ကိုယ္ခံအားျမင့္တက္ ေစပါတယ္။ အခုေလာေလာဆယ္မွာ ပုဇြန္စြပ္ျပဳတ္ ပူပူေလး ေသာက္ေပးရင္လည္း ေကာင္းပါတယ္။
(၃) ဗီတာမင္စီပါ၀င္မႈမ်ားသည့္ အစာမ်ား
လိေမၼာ္သီး၊ သံပရာသီး၊ ေရွာက္သီး၊ မာလကာသီး၊ ဆန္းကစ္သီး၊ ဂရိတ္ဖ႐ုသီး၊ င႐ုတ္ပြသီး စတာေတြမွာ ဗီတာမင္စီပါ၀င္မႈမ်ားတဲ့အတြက္ စားေပးသင့္ပါတယ္။ ဘီတာကယ္႐ိုတင္းလည္း ပါတဲ့အတြက္ အ ေရျပားကို က်န္းမာေစေတာ့ ပိုးေတြက ေတာ္႐ံုတန္႐ံုနဲ႔ မေနႏိုင္ပါဘူး။
(၄) ပန္းေဂၚဖီစိမ္း
ပန္းေဂၚဖီစိမ္းကလည္း ဗီတာမင္ေကာ သတၱဳ ဓာတ္ပါ မ်ားမ်ား ပါ၀င္တဲ့အတြက္ စူပါအစားအစာထဲမွာ ပါ၀င္ပါတယ္။ ဗီတာမင္ေအ၊ ဗီတာမင္အီး၊ ဗီတာ မင္စီ၊ အမွ်င္ဓာတ္၊ အင္တီေအာက္ဆီးဒင့္ စတာေတြ ပါ၀င္တဲ့အတြက္ ကိုယ္ခံအားကို တက္ေစပါတယ္။
(၅) ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴက ကိုယ္ခံအားစနစ္ကို ျမင့္တက္ ေစတဲ့ အစာပါ။ အယ္လီစင္ဓာတ္ပါတဲ့အတြက္ ၾကက္သြန္ျဖဴကို အစိမ္းစားႏိုင္ရင္ ပိုေကာင္းပါတယ္။ ၾကက္သြန္ျဖဴက စပ္လို႔ မစားႏိုင္ရင္ နည္းနည္းေလး ျပဳတ္လိုက္ၿပီး အခ်ိန္ ၃ မိနစ္ေလာက္ ထားလိုက္တာ နဲ႔ သူ႔အလိုလို ေပ်ာ့သြားပါတယ္။ အဲဒါကို စားေပးရင္ လည္း ကူးစက္ပိုးေတြကို တြန္းလွန္ႏိုင္ပါတယ္။
(၆) ခ်င္း (ဂ်င္း)
ခ်င္း(ဂ်င္း)ကလည္း ကိုယ္ခံအားတက္ေစတဲ့ အစာပါ။ ခ်င္းကို သုပ္စားစား၊ ျပဳတ္စားစား ေကာင္းပါတယ္။
(၇) ဟင္းႏုနယ္ရြက္
ဟင္းႏုနယ္ရြက္ကလည္း ကိုယ္ခံအားတက္ေစတဲ့ အစာပါ။
(၈) ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ကေတာ့ အက်ဳိးျပဳဘက္တီးရီးယားပါ၀င္တဲ့အတြက္ ကိုယ္ခံအားျမင့္တက္ေစတဲ့ အစာပါ။
(၉) ဗာဒံေစ့ (Almond)
ဗာဒံေစ့ကလည္း ကိုယ္ခံအားတက္ေစတဲ့ အစာပဲ ျဖစ္ပါတယ္။
(၁၀) ဆႏြင္း(နႏြင္း)
ဆႏြင္းမႈန္႔ကလည္း ကိုယ္ခံအားျမင့္တက္ေစတဲ့ အရာ ျဖစ္ပါတယ္။
(၁၁) ေရေႏြးၾကမ္း
ေရေႏြးၾကမ္းပူပူေလး ေသာက္ေပးရင္ ကိုယ္ခံအားတက္ေစပါတယ္။ အထူးသျဖင့္ Green Tea ထဲမွာ အင္တီေအာက္ဆီးဒင့္ပါတဲ့အတြက္ ခႏၶာကိုယ္ထဲ တီဆဲလ္ေတြ ထုတ္ေပးပါတယ္။ အျပင္ကေန ပိုး၀င္လာရင္ တီဆဲလ္ေတြက တြန္းလွန္ေပးပါတယ္။
(၁၂) သေဘၤာသီး
သေဘၤာသီးကလည္း ဗီတာမင္စီ၊ ပိုတက္ဆီယမ္ပါတဲ့အတြက္ ကိုယ္ခံအားျမင့္တက္ေစပါတယ္။
(၁၃) ကီ၀ီသီး
ကီ၀ီသီးကလည္း ကိုယ္ခံအားျမင့္တက္ေစလို႔ စားေပးသင့္ပါတယ္။
(၁၄) ေနၾကာေစ့
ေန႔ၾကာေစ့မွာလည္း ေဖာ့စ္ဖရပ္စ္နဲ႔ မဂၢနီဆီ ယမ္ပါ၀င္မႈမ်ားတဲ့အတြက္ ကိုယ္ခံအားတက္ေစပါတယ္။
(၁၅) ေထာပတ္သီး
ေထာပတ္သီးကလည္း ကိုယ္ခံအားတက္ေစတဲ့ အစာျဖစ္ပါတယ္။
အေရးႀကီးတာက သန္႔ရွင္းေရးေကာင္းဖို႔ ျဖစ္ပါတယ္။ တစ္ကိုယ္ေရသန္႔ရွင္းေရး၊ အစားအေသာက္ သန္႔ရွင္းေရးေတြကို အေလးထားရပါမယ္။ #HealthyLifeJournal
(Healthy Life ဂ်ာနယ္ အမွတ္ (၉၂) တြင္ ပါရွိသည့္ အာဟာရေဆာင္းပါး ကို အမ်ားျပည္သူအက်ဳိးရွိေစရန္ ျပန္လည္ ေဖာ္ျပလိုက္ရပါသည္။)
♦ #ယခုေဆာင္းပါးကို လြတ္လပ္စြာ မွ်ေ၀ႏိုင္ပါသည္
Credit – (အာဟာရဆိုင္ရာ အထူးကု ဆရာ၀န္ႀကီး)ေဒါက္တာေဒၚ၀င္း၀င္းျမင့္ HealthyLifeJournal
Unicode
အဓိကကတော့ ကိုယ်ခံအားတက်မယ့် အစား အသောက်တွေကို စားပေးဖို့ လိုတယ်။ ဗီတာမင်စီ များတဲ့ အစာတွေနဲ့ အမိုင်နိုပပ်တိုက်ပါတဲ့ အစာတွေ က ကိုယ်ခံအားကောင်းစေပါတယ်။
(၁) စွပ်ပြုတ်
စွပ်ပြုတ်အနေနဲ့ ကြက်စွပ်ပြုတ်ကလည်း ပရိုတင်းပါလို့ ကိုယ်ခံအား တက်စေပါတယ်။ ငါးစွပ်ပြုတ်၊ ပုဇွန်စွပ်ပြုတ်၊ ပဲစွပ်ပြုတ် စတာတွေက လည်း ပရိုတင်းဓာတ်ပါ၀င်မှုများတဲ့အတွက် စားသင့်ပါတယ်။အထူးသဖြင့် စွပ်ပြုတ်ရည်ကို ဟင်းခတ်အမွှေးအ ကြိုင်ထည့်ပြီး ပူပူနွေးနွေးလေး သောက်ပေးရပါမယ်။
(၂) ပုဇွန်
ပုဇွန်စားရင် ပရိုတင်းဓာတ် ရရှိစေတဲ့အပြင် ဇင့် (သွပ်)ဓာတ်ပါ၀င် တာကြောင့် ကိုယ်ခံအားမြင့်တက် စေပါတယ်။ အခုလောလောဆယ်မှာ ပုဇွန်စွပ်ပြုတ် ပူပူလေး သောက်ပေးရင်လည်း ကောင်းပါတယ်။
(၃) ဗီတာမင်စီပါ၀င်မှုများသည့် အစာများ
လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ မာလကာသီး၊ ဆန်းကစ်သီး၊ ဂရိတ်ဖရုသီး၊ ငရုတ်ပွသီး စတာတွေမှာ ဗီတာမင်စီပါ၀င်မှုများတဲ့အတွက် စားပေးသင့်ပါတယ်။ ဘီတာကယ်ရိုတင်းလည်း ပါတဲ့အတွက် အ ရေပြားကို ကျန်းမာစေတော့ ပိုးတွေက တော်ရုံတန်ရုံနဲ့ မနေနိုင်ပါဘူး။
(၄) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းကလည်း ဗီတာမင်ကော သတ္တု ဓာတ်ပါ များများ ပါ၀င်တဲ့အတွက် စူပါအစားအစာထဲမှာ ပါ၀င်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်၊ အင်တီအောက်ဆီးဒင့် စတာတွေ ပါ၀င်တဲ့အတွက် ကိုယ်ခံအားကို တက်စေပါတယ်။
(၅) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို မြင့်တက် စေတဲ့ အစာပါ။ အယ်လီစင်ဓာတ်ပါတဲ့အတွက် ကြက်သွန်ဖြူကို အစိမ်းစားနိုင်ရင် ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက စပ်လို့ မစားနိုင်ရင် နည်းနည်းလေး ပြုတ်လိုက်ပြီး အချိန် ၃ မိနစ်လောက် ထားလိုက်တာ နဲ့ သူ့အလိုလို ပျော့သွားပါတယ်။ အဲဒါကို စားပေးရင် လည်း ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။
(၆) ချင်း (ဂျင်း)
ချင်း(ဂျင်း)ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။ ချင်းကို သုပ်စားစား၊ ပြုတ်စားစား ကောင်းပါတယ်။
(၇) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပါ။
(၈) ဒိန်ချဉ်
ဒိန်ချဉ်ကတော့ အကျိုးပြုဘက်တီးရီးယားပါ၀င်တဲ့အတွက် ကိုယ်ခံအားမြင့်တက်စေတဲ့ အစာပါ။
(၉) ဗာဒံစေ့ (Almond)
ဗာဒံစေ့ကလည်း ကိုယ်ခံအားတက်စေတဲ့ အစာပဲ ဖြစ်ပါတယ်။
(၁၀) ဆနွင်း(နနွင်း)
ဆနွင်းမှုန့်ကလည်း ကိုယ်ခံအားမြင့်တက်စေတဲ့ အရာ ဖြစ်ပါတယ်။
(၁၁) ရေနွေးကြမ်း
ရေနွေးကြမ်းပူပူလေး သောက်ပေးရင် ကိုယ်ခံအားတက်စေပါတယ်။ အထူးသဖြင့် Green Tea ထဲမှာ အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ခန္ဓာကိုယ်ထဲ တီဆဲလ်တွေ ထုတ်ပေးပါတယ်။ အပြင်ကနေ ပိုးဝင်လာရင် တီဆဲလ်တွေက တွန်းလှန်ပေးပါတယ်။
(၁၂) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင်စီ၊ ပိုတက်ဆီယမ်ပါတဲ့အတွက် ကိုယ်ခံအားမြင့်တက်စေပါတယ်။
(၁၃) ကီဝီသီး
ကီဝီသီးကလည်း ကိုယ်ခံအားမြင့်တက်စေလို့ စားပေးသင့်ပါတယ်။
(၁၄) နေကြာစေ့
နေ့ကြာစေ့မှာလည်း ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီ ယမ်ပါ၀င်မှုများတဲ့အတွက် ကိုယ်ခံအားတက်စေပါတယ်။
(၁၅) ထောပတ်သီး
ထောပတ်သီးကလည်း ကိုယ်ခံအားတက်စေတဲ့ အစာဖြစ်ပါတယ်။
အရေးကြီးတာက သန့်ရှင်းရေးကောင်းဖို့ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက် သန့်ရှင်းရေးတွေကို အလေးထားရပါမယ်။ #HealthyLifeJournal
(Healthy Life ဂျာနယ် အမှတ် (၉၂) တွင် ပါရှိသည့် အာဟာရဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည် ဖော်ပြလိုက်ရပါသည်။)
♦ #ယခုဆောင်းပါးကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်

No comments:

Post a Comment