iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 8, 2015

ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား နေရာအတွက် ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ရတော့မယ့် Thibaut Curtois



ချဲလ်ဆီး အသင်းရဲ့ လက်ရှိဂိုးသမား Thibaut Curtois တစ်ယောက် အတွက်တော့ သူ့ရဲ့ ပထမအသင်း ဂိုးသမား နေရာဟာ ဒီနှစ်ဘောလုံးရာသီ မှာ ယှဉ်ပြိုင်မှုတွေရှိနေပြီဖြစ်တယ်လို့ သတိပေးခံလိုက်ရပါတယ်။

အရင် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ David James က ဝေဖန်သတိပေးခဲ့တာကတော့ Curtois အနေနဲ့ Petr Cech အလှည့်တုန်းက စတန်းဖို့ဒ် ဘရစ်ခ်ျ မှာ ရခဲ့တဲ့ အောင်မြင်မှုတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်ခြင်းတွေ မလုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် James ယုံကြည်ထားတာကတော့ မကြာသေးခင်ကမှ စတုတ်စီးတီး အသင်းကနေ စတာလင်ပေါင် ၈ သန်းနဲ့ ပြောင်းလာတဲ့ ကျောနံပါတ် ၂ ဂိုသမား Asmir Begovic ဟာ အသက် ၂၃ နှစ်အရွယ် ဂိုးသမား Curtois ရဲ့ နေရာကို ၀င်ယူသွားနိုင်တယ်ဆိုတာပါပဲ။ James ထောက်ပြခဲ့တာကတော့ Curtois ရဲ့ အတွေ့အကြုံနည်းမှုတွေဟာ အကြီးမားဆုံးသော အားနည်းချက် ဖြစ်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။

"Curtois ဟာ ဖလားရခဲ့ဖူးတယ်။ ဂိုးတွေ အများကြီးတော့ မကာကွယ်ခဲ့ဖူးဘူး။ သူ အက်သလက်တီကို မက်ဒရစ် အသင်းမှာတုန်းကလည်း Petr Cech လိုပဲ။ သူဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ပရီးမီးယားလိဂ် မှာ လာကစားစေချင်ခဲ့တာပဲ။ ဒါပေမယ့်လည်း Petr Cech လိုတော့ ၁၅ ဂိုးပဲ တစ်ရာသီလုံး ပေးဂိုး ရှိခဲ့တာမျိုး သူမလုပ်နိုင်ပါဘူး။ သူ့ရဲ့ ငယ်ရွယ်မှု ဟာ အားနည်းချက်ပါ။" လို့ David James ကဆိုပါတယ်။

ဒါ့အပြင် James ရဲ့ ပြောပြချက်အရ အနည်းဆုံးတော့ Curtois ဟာ ချဲလ်ဆီး ရဲ့ ဂိုးသမားတစ်ယောက်ဖြစ်တဲ့ Begovic ကိုတောင် နေရာ လွှဲပေးရဖွယ်ရှိတယ်လို့ သိရပါတယ်။ Begovic ဟာ ပြီးခဲ့တဲ့ နွေရာသီ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ် Bosnia နဲ့ Herzegovina တို့ ပွဲစဉ်မှာ အထူးလက်စွမ်းပြခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment