iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

ရိုဟင်ဂျာပြက္ခဒိန် ရိုက်နှိပ်မှုတွင် အဓိကတာဝန်ရှိသူ တိမ်းရှောင်နေဆဲဟု သိရ



ရိုဟင်ဂျာပြက္ခဒိန်ရိုက်နှိပ်မှုတွင် အဓိကတာဝန်ရှိသော အလုပ်အပ်နှံသူ ဦးအောင်ခင်သည် ယနေ့ ဒီဇင်ဘာ ၉ ရုံးချိန်းသို့လည်း လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေသဖြင့် အမှုလာရောက်ရင်ဆိုင်ရန် ဒီဇင်ဘာ ၁၆ ရက်နေ့သို့ ပုဇွန်တောင်မြို့နယ် တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ဦးအောင်ခင်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားပြီး တရားရုံးချိန်း ၃ ကြိမ်တိတိ လာရောက်ရင်ဆိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ဒီဇင်ဘာ ၁၆ ရက် ၄ ကြိမ်မြောက်ရုံချိန်းသို့ လာရောက်ရန် ပျက်ကွက်ပါက ၎င်းအား ဖမ်းဝရမ်းထုတ်သွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ဒုရဲမှူး အောင်ဆန်းဦးက ပြောသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment